ရွှေစေတီတောရ
Friday, November 13, 2015
မဲနိုင်သော်ငြား ဥာဏ်မများနှင့်
မဲနိုင်သော်ငြား မမောက်ကြွားနှင့်၊
မဲရှုံးသော်ငြား ဥာဏ်မများနှင့်၊
တိုင်းသူပြည်သား လူအများတို့
ရှုံးသူ နိုင်သူ အားလုံးမူကား
ဒို့တိုင်းရင်းသား ညီနောင်များမို့
ငြိုးတေး အာဃာ မထားရဘူး
ညစ်ပတ်ပြစ်တင် အထူးရှောင်ကျဉ်လျှက် ကူညီဖေးမ စာနာကြ၍ ကိုယ်ကျိုး
တစ်ခုသာ မကြည့်ရာဘူး ကိုယ်မှန်သော်ငြား နှိမ့်ချထားလျက်
သူ့ကောင်းကျိုးကို ရှေးဦးဆိုလျက်
ယဉ်ကျေးလိမ္မာ ပြုပြင်လာအောင်
ယဉ်ကျေးလိမ္မာ တိုးတက်လာအောင် ယဉ်ကျေးလိမ္မာ စာနာလာအောင့်  ယဉ်ကျေးလိမ္မာ ကောင်းမွန်လာအောင်
အတ္တမာန ခဝါချလျက်ပြောဆိုရ၏။
တိုင်းပြည်ကောင်းဘို့ လိုရင်းတည်း။ေ
မတ္တောဖြင့်
ရွှေစေတီတောရဆရာတော်
ဓမ္မစာစုများ(၁)
တယောက်ထဲပြေး မနှေးပထမ
စိတ်ကူးနှင့်ပြိုင်သူတို့သာအနိုင်
ဥာဏ်တုန်းသူကား မသိငြားပဲ
နိုင်လာလိမ့်နိုး ယုံကြည်ကိုး၍
လေလုံးတွေထွား တဟားဟားနှင့်
ကြောက်တာကိုပင် ချစ်တယ်ထင်လျက်
ဘဝင်မြင့်မား ကိုယ့်အမှားပဲ။
မမြဲတာကိုပင် အမြဲထင်ကာ
ဘဝင်မြင့်မား ကိုယ့်အမှားပဲ။
ဆင်းရဲကိုပင် ချမ်းသာထင်ကာ
ဘဝင်မြင့်မား ကိုယ့်အမှားပဲ။
မပိုင်တာကိုပင် အပိုင်ထင်ကာ
ဘဝင်မြင့်မား ကိုယ့်အမှားပဲ။
သက်ရွယ်ကြီးကာ တရားရှာမှ
လောဘ၊ဒေါသာ၊မောဟမီးများ ကင်းစင်သွားလိမ့်။တရားရှာမှချမ်းသာရမည်။
Subscribe to:
Comments (Atom)

