ဓမ္မစာစုများ(၁)
တယောက်ထဲပြေး မနှေးပထမ
စိတ်ကူးနှင့်ပြိုင်သူတို့သာအနိုင်
ဥာဏ်တုန်းသူကား မသိငြားပဲ
နိုင်လာလိမ့်နိုး ယုံကြည်ကိုး၍
လေလုံးတွေထွား တဟားဟားနှင့်
ကြောက်တာကိုပင် ချစ်တယ်ထင်လျက်
ဘဝင်မြင့်မား ကိုယ့်အမှားပဲ။
မမြဲတာကိုပင် အမြဲထင်ကာ
ဘဝင်မြင့်မား ကိုယ့်အမှားပဲ။
ဆင်းရဲကိုပင် ချမ်းသာထင်ကာ
ဘဝင်မြင့်မား ကိုယ့်အမှားပဲ။
မပိုင်တာကိုပင် အပိုင်ထင်ကာ
ဘဝင်မြင့်မား ကိုယ့်အမှားပဲ။
သက်ရွယ်ကြီးကာ တရားရှာမှ
လောဘ၊ဒေါသာ၊မောဟမီးများ ကင်းစင်သွားလိမ့်။တရားရှာမှချမ်းသာရမည်။
No comments:
Post a Comment